Skip to Content

**A8 4G LTE Portable WiFi Router – 150Mbps Mobile Hotspot with 3000mAh Battery**

**A8 4G LTE Mobile Pocket WiFi Router – 3000mAh Battery**
အပြင်သွားတဲ့အချိန်၊ ခရီးသွားတဲ့အချိန်၊ ကားပေါ်မှာဖြစ်ဖြစ်၊ အိမ်နဲ့ ရုံးမှာဖြစ်ဖြစ် ကိုယ်ပိုင် WiFi လေးနဲ့ Internet အသုံးပြုချင်သူတွေအတွက် **A8 4G LTE Mobile Pocket WiFi Router** လေးပါ။
SIM Card ထည့်ပြီး 4G Mobile Data ကနေ **WiFi Hotspot အဖြစ် ပြန်လွှင့်ပေးနိုင်တာကြောင့်** ဖုန်းတင်မကဘဲ Laptop၊ Tablet နဲ့ WiFi အသုံးပြုနိုင်တဲ့ Device မျိုးစုံကို ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
**4G LTE Mobile WiFi**
4G LTE Network အသုံးပြုပြီး Internet ကို WiFi အဖြစ် ပြန်လွှင့်ပေးနိုင်ပါတယ်။ SIM Card ထည့်ပြီး သက်ဆိုင်ရာ Operator ရဲ့ Data Package ရှိရင် အသုံးပြုနိုင်ပါတယ်။
**Up to 150Mbps**
Wireless Transmission Speed ကို **အမြင့်ဆုံး 150Mbps အထိ** Support လုပ်ပေးထားပါတယ်။
တကယ်အသုံးပြုရရှိမယ့် Internet Speed ကတော့ SIM Operator၊ Package Speed၊ Signal Strength၊ အသုံးပြုတဲ့နေရာနဲ့ Network အခြေအနေပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။
**8–10 Devices ချိတ်ဆက်နိုင်**
Smartphone၊ Laptop၊ Desktop WiFi၊ Tablet စတဲ့ WiFi Device တွေကို **တစ်ချိန်တည်း 8–10 လုံးခန့်အထိ** ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
ခရီးသွားတဲ့အချိန်၊ Meeting လုပ်တဲ့အချိန်၊ မိသားစုနဲ့ အတူတူ Internet မျှဝေသုံးချင်တဲ့အချိန်တွေမှာ အသုံးဝင်ပါတယ်။
**Built-in 3000mAh Battery**
အားသွင်းပြီး ကြိုးမချိတ်ထားဘဲ သယ်ဆောင်အသုံးပြုနိုင်ဖို့ **3000mAh Lithium Battery** ပါရှိပါတယ်။
• Standby – **50 Hours ကျော်အထိ**
• Continuous Usage – **8 - 10 Hours ခန့်အထိ**
Battery အသုံးခံချိန်ကတော့ Signal Strength၊ ချိတ်ဆက်ထားတဲ့ Device အရေအတွက်နဲ့ အသုံးပြုမှုပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။
**Type-C Charging**
အားသွင်းဖို့ **USB Type-C Interface** အသုံးပြုထားတာကြောင့် နေ့စဉ်အသုံးပြုရ အဆင်ပြေပါတယ်။
**Portable & Compact Design**
အရွယ်အစား **98 × 59 × 15mm** ခန့်သာရှိတာကြောင့် အိတ်ထဲ၊ ဘောင်းဘီအိတ်ထဲ ထည့်ပြီး သယ်ဆောင်ရလွယ်ကူပါတယ်။
ကားပေါ်၊ အပြင်ထွက်တဲ့အချိန်၊ Business Trip နဲ့ ခရီးသွားတဲ့အချိန်တွေမှာ Portable WiFi အဖြစ် အသုံးပြုနိုင်ပါတယ်။
**Frequency Band Version**
**Asian Version**
• 4G LTE – **B1 / B3 / B5 / B8 / B38 / B39 / B40 / B41**
မဝယ်ယူမီ အသုံးပြုမယ့် SIM Operator ရဲ့ **4G Frequency Band နဲ့ Router Version ကိုက်ညီမှုရှိ/မရှိ စစ်ဆေးပေးဖို့ အကြံပြုပါတယ်။**
FlexiNet လို Data SIM / Internet SIM တွေလည်း အသုံးပြုနိုင်
ပုံမှန် Mobile SIM တွေတင်မကဘဲ ATOM Power FlexiNet လို 4G Data SIM နဲ့ MPT Data Only SIM လို Internet Data အတွက် အသုံးပြုတဲ့ SIM တွေကိုလည်း Device ရဲ့ Network Band နဲ့ ကိုက်ညီပါက အသုံးပြုနိုင်ပါတယ်။
**သတိပြုရန်**
• 4G Network ကို Support လုပ်ပါတယ်။
• 5G SIM Card ဖြစ်ရင်လည်း SIM က 4G Network ကို Support လုပ်ပြီး Frequency Band ကိုက်ညီပါက **4G LTE Network ဖြင့်** အသုံးပြုနိုင်ပါတယ်။
• **5G SIM ထည့်ထားရုံနဲ့ 5G Router မဖြစ်ပါဘူး။**
• SIM Card ကို စက်မဖွင့်ခင် မှန်ကန်တဲ့ဘက်အတိုင်း ထည့်ပေးပါ။
• SIM Card မပါဝင်ပါ။
• Network Speed နဲ့ Battery Runtime က အသုံးပြုတဲ့ ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။
**Product Specifications**
• Model – **A8**
• Network – **4G LTE**
• WiFi Speed – **Up to 150Mbps**
• Connected Devices – **8–10 Devices**
• Battery – **3000mAh**
• Charging – **USB Type-C**
• Size – **98 × 59 × 15mm**
• Color – **White / Black**
• Frequency Version – **Asian**
4G LTE A8 150Mbps 3000mAh Battery
75,000.00 K 75,000.00 K
75,000.00 K

  • Type
Terms and Conditions
30-day money-back guarantee
Shipping: 2-3 Business Days

Specifications

Type 4G