Skip to Content

ME201W Tuya Smart WiFi Ultrasonic Water Tank Level Monitor Sensor Real-Time Alerts App Control for IOS & Android

**Tuya WiFi Smart Water Tank Level Monitor – ရေတိုင်ကီထဲက ရေပမာဏကို ဖုန်းကနေ စောင့်ကြည့်နိုင်မယ့် Smart Sensor**
အိမ်၊ ဆိုင်၊ ရုံးခန်းနဲ့ လုပ်ငန်းသုံး ရေတိုင်ကီတွေမှာ ရေဘယ်လောက်ကျန်သေးလဲဆိုတာ တိုင်ကီပေါ်တက်ကြည့်စရာမလိုဘဲ **Smartphone ကနေ အချိန်နှင့်တပြေးညီ စစ်ဆေးနိုင်တဲ့ Ultrasonic Water Level Sensor** ဖြစ်ပါတယ်။
Video ကို Comment မှာ ကြည်လို့ရပါတယ်ခင်ဗျ။
**Ultrasonic Level Monitoring**
Ultrasonic နည်းပညာနဲ့ Sensor မှ ရေမျက်နှာပြင်အထိ အကွာအဝေးကို တိုင်းတာပြီး တိုင်ကီအတွင်းရှိ ရေပမာဏကို တွက်ချက်ဖော်ပြပေးနိုင်ပါတယ်။
• တိုင်းတာနိုင်သည့်အကွာအဝေး – **0.1m မှ 4m အထိ**
• တိကျမှု – **±0.02m**
• ရေနဲ့တိုက်ရိုက်ထိတွေ့စရာမလိုတဲ့ **Non-Contact Measurement** စနစ်ဖြစ်ပါတယ်။
**Tuya / Smart Life App Control**
**2.4GHz WiFi** ဖြင့် ချိတ်ဆက်ပြီး Tuya သို့မဟုတ် Smart Life App ကနေ—
• ရေကျန်ရှိမှု ရာခိုင်နှုန်း
• လက်ရှိရေအနက်
• ရေပမာဏအခြေအနေ
• Supply Voltage
• နေ့စဉ်၊ လစဉ်နဲ့ နှစ်စဉ် မှတ်တမ်းတို့ကို ကြည့်ရှုနိုင်ပါတယ်။
**Water Level Notification**
သတ်မှတ်ထားတဲ့ ရေပမာဏကို ရောက်ရှိတဲ့အခါ App Notification ရရှိနိုင်တာကြောင့်—
• ရေပြည့်လျှံမယ့်အခြေအနေကို ကြိုတင်သိနိုင်ခြင်း
• ရေနည်းနေတဲ့အခြေအနေကို အချိန်မီသိနိုင်ခြင်း
• ရေဖြည့်ရန်လိုအပ်ချိန်ကို အလွယ်တကူစစ်ဆေးနိုင်ခြင်းတို့အတွက် အထောက်အကူပြုပါတယ်။
**အသုံးပြုနိုင်တဲ့ Scene ဥပမာများ**
**အိမ်သုံး အပေါ်တိုင်ကီ**
အိမ်အပေါ်ထပ်က ရေတိုင်ကီမှာ တပ်ဆင်ထားပြီး မနက်တိုင်း တိုင်ကီပေါ်တက်ကြည့်စရာမလိုဘဲ ဖုန်းကနေ ရေပမာဏကို စစ်ဆေးနိုင်ပါတယ်။
**ဆိုင်၊ ရုံးခန်းနှင့် Warehouse**
ဝန်ထမ်းမရှိတဲ့အချိန်မှာတောင် ရေတိုင်ကီအခြေအနေကို အဝေးကနေ စောင့်ကြည့်ပြီး ရေနည်းသွားရင် အချိန်မီပြင်ဆင်နိုင်ပါတယ်။
**ခြံ၊ စိုက်ခင်းနှင့် မွေးမြူရေးလုပ်ငန်း**
အပင်ရေလောင်းဖို့၊ တိရစ္ဆာန်သောက်ရေအတွက် အသုံးပြုထားတဲ့ ရေကန်နဲ့ Storage Tank တွေရဲ့ ရေပမာဏကို အဝေးကနေ စစ်ဆေးနိုင်ပါတယ်။
**ခရီးသွားနေချိန်**
အိမ်မှာမရှိတဲ့အချိန် Internet ရရှိတဲ့နေရာကနေ အိမ်ရှိရေတိုင်ကီရဲ့ လက်ရှိအခြေအနေကို App ဖြင့် စစ်ဆေးနိုင်ပါတယ်။
**Smart Functions**
• **Remote Monitoring** – Internet ရှိတဲ့နေရာကနေ Device အခြေအနေကို App ဖြင့် ကြည့်ရှုနိုင်ခြင်း
• **Real-Time Status** – လက်ရှိတိုင်းတာထားတဲ့ ရေပမာဏနဲ့ အခြေအနေကို ကြည့်ရှုနိုင်ခြင်း
• **Low / High Level Alert** – သတ်မှတ်ထားတဲ့ ရေအနည်းဆုံး သို့မဟုတ် အများဆုံး Level ရောက်ရင် Notification ရရှိနိုင်ခြင်း
• **Device Sharing** – မိသားစုဝင် သို့မဟုတ် ဝန်ထမ်းတွေဆီ Device Control/Monitoring ကို Share လုပ်နိုင်ခြင်း
• **Scene Automation** – Tuya Ecosystem အတွင်းရှိ Compatible Smart Device တွေနဲ့ Condition အလိုက် Automation ပြုလုပ်နိုင်ခြင်း
• **History Record** – ရေပမာဏပြောင်းလဲမှုမှတ်တမ်းကို Day / Month / Year အလိုက် ကြည့်ရှုနိုင်ခြင်း
• **Voice Assistant Integration** – Compatible ဖြစ်ပါက Amazon Alexa သို့မဟုတ် Google Assistant Ecosystem နဲ့ ချိတ်ဆက်နိုင်ခြင်း
**Smart Scene Automation ဥပမာ**
• ရေပမာဏ **20% အောက်ကျသွားလျှင်** ဖုန်းသို့ Notification ပို့ရန်
• ရေပမာဏ **90% ပြည့်လာလျှင်** ရေပြည့်ခါနီးကြောင်း အသိပေးရန်
• Compatible Tuya Smart Switch နှင့် ချိတ်ဆက်ပြီး သတ်မှတ်ထားတဲ့ Water Level အလိုက် ရေမော်တာကို **ON/OFF Automation** ပြုလုပ်ရန်
ရေမော်တာကို Auto Control ပြုလုပ်လိုပါက သင့်တော်တဲ့ **Contactor၊ Relay၊ Motor Protection နဲ့ Tuya Compatible Controller** ထပ်မံလိုအပ်နိုင်ပါတယ်။ Sensor ကို ရေမော်တာနဲ့ တိုက်ရိုက်မချိတ်ဆက်သင့်ပါ။
**Wide Compatibility**
အိမ်သုံးနဲ့ လုပ်ငန်းသုံး ရေတိုင်ကီအမျိုးအစား၊ အရွယ်အစားအမျိုးမျိုးမှာ အသုံးပြုနိုင်ပါတယ်။ တိုင်ကီအနက်က Sensor ရဲ့ **0.1m–4m Measurement Range** အတွင်းရှိရန်လိုအပ်ပါတယ်။
**Technical Specifications**
• Network – **2.4GHz WiFi**
• Liquid Level Range – **0.1m–4m**
• Accuracy – **±0.02m**
• Sensor Power – **5V DC / ≤100mA**
• Adapter Input – **AC 100–240V**
• Operating Temperature – **−20°C မှ 50°C**
• Protection Level – **IP65**
• Material – **ABS**
• Color – **Yellow**
• Plug Type – US Plug
**Package Contents**
• Water Tank Monitor Sensor × 1
**အသုံးမပြုမီ သတိပြုရန်**
• **5GHz WiFi ကို မထောက်ပံ့ပါ။ 2.4GHz WiFi ဖြင့်သာ ချိတ်ဆက်အသုံးပြုရပါမယ်။**
• IP65 ဖြစ်တာကြောင့် ဖုန်နဲ့ ရေစင်မှုကို ခံနိုင်ပေမယ့် Sensor ကို ရေထဲနှစ်ပြီး အသုံးမပြုရပါ။
• တိုင်ကီပုံစံ၊ အဖုံး၊ Sensor တပ်ဆင်ထားတဲ့အနေအထားနဲ့ အတွင်းရှိအတားအဆီးများပေါ်မူတည်ပြီး တိုင်းတာမှုရလဒ် ကွာခြားနိုင်ပါတယ်။
• Moiture ရေငွေ့ များရင် Sensor ရဲ့တိုင်းတာနိုင်မှုကို အနှောက်အယှက်ဖြစ်တတ်ပါတယ်။
• Manual ထဲမှာ ပါတဲ့အတိုင်း Sensor ကို တပ်ဆင်ပေးရန်လိုအပ်ပါတယ်။
Tuya smart devices smart life devices water level controller ME201W Ultrasonic Sensor
210,000.00 K 210,000.00 K
210,000.00 K

  • Type
Terms and Conditions
30-day money-back guarantee
Shipping: 2-3 Business Days

Specifications

Type ME201W