Skip to Content

Tuya Wifi Smart DIY Switch 16A Supports 2 Way Control Home Automation Module Works With Alexa Google Home

**Mini WiFi Smart Switch 16A (2-Way Support)**
**အိမ်မီးခလုတ်ကို Smart Switch အဖြစ် အလွယ်တကူ Upgrade လုပ်လိုက်ပါ!**
သာမန်မီးခလုတ်ကို မဖြုတ်ဘဲ Smart Home စနစ်အဖြစ် ပြောင်းလဲနိုင်တဲ့ **Mini WiFi Smart Switch** ဖြစ်ပါတယ်။
Switch Box အတွင်းမှာပဲ ဖျောက်တပ်နိုင်ပြီး **Smart Life / Tuya App** ကနေ ကမ္ဘာဘယ်နေရာရောက်ရောက် ထိန်းချုပ်နိုင်ပါတယ်။
RF433MHz ပါတဲ့ Model
• RF433MHz Remote Control Support ပါဝင်သောကြောင့် WiFi မရှိသည့်အချိန်တွင်လည်း 433MHz RF Remote ဖြင့် ON/OFF ထိန်းချုပ်နိုင်ပါသည်။
• Smart Life App + Voice Control + RF Remote သုံးမျိုးစလုံး အသုံးပြုနိုင်ပါသည်။
RF433MHz မပါတဲ့ Model
• WiFi ဖြင့်သာ ထိန်းချုပ်နိုင်သော Model ဖြစ်ပြီး Smart Life / Tuya App နှင့် Alexa, Google Home Voice Control ကို ထောက်ပံ့ပေးပါသည်။
• 433MHz RF Remote ဖြင့် ထိန်းချုပ်နိုင်ခြင်း မပါဝင်ပါ။
အတိုချုပ်
RF433MHz ပါသော Model = WiFi + App + Voice + RF Remote (သီးသန့်ဝယ်ရန်လိုအပ်ပါတယ်)
RF433MHz မပါသော Model = WiFi + App + Voice Only
**အဓိကလုပ်ဆောင်ချက်များ**
**သာမန်လျှပ်စစ်ပစ္စည်းကို Smart Device အဖြစ် ပြောင်းနိုင်ခြင်း**
• Desk Lamp, Ceiling Light, Downlight, Fan စတဲ့ လျှပ်စစ်ပစ္စည်းများကို Smart Control စနစ်ဖြင့် အသုံးပြုနိုင်ပါတယ်။
• မူလ Wall Switch ကိုလည်း ဆက်လက်အသုံးပြုနိုင်ပါတယ်။
Smart Life / Tuya App ဖြင့် ထိန်းချုပ်နိုင်ခြင်း
• ON / OFF အဖွင့်အပိတ်
• Timer သတ်မှတ်ခြင်း
• Countdown သတ်မှတ်ခြင်း
• Schedule အချိန်သတ်မှတ်ခြင်း
• Inching Mode (Pulse Mode) – သတ်မှတ်ထားသော စက္ကန့် (ဥပမာ 1~60 sec) ပြည့်သည်နှင့် Relay သည် Auto ON/OFF ပြန်ဖြစ်စေပြီး Gate, Door Lock, Garage Door, Momentary Switch စသည့် Application များတွင် အသုံးဝင်ပါသည်။
• Internet ရှိသရွေ့ ကမ္ဘာဘယ်နေရာရောက်ရောက် အဝေးမှ ထိန်းချုပ်နိုင်ပါတယ်။
**Voice Control Support**
• Amazon Alexa
• Google Home
• Tmall Genie
• Voice Command နဲ့ လက်မထိဘဲ မီးအဖွင့်အပိတ် ပြုလုပ်နိုင်ပါတယ်။
**Smart Scene Automation**
• Smart Device အခြားများနဲ့ ချိတ်ဆက်ပြီး Scene များ ဖန်တီးနိုင်ပါတယ်။
• ဥပမာ...
အိမ်ရောက်တာနဲ့ မီး၊ Aircon၊ TV တို့ကို တစ်ပြိုင်နက် ဖွင့်နိုင်ပါတယ်။
အိပ်ချိန်ရောက်တာနဲ့ Device အားလုံးကို Auto OFF လုပ်နိုင်ပါတယ်။
**Family Sharing**
• Main Account ကနေ မိသားစုဝင်များကို Share ပေးနိုင်ပါတယ်။
• Permission မပေးထားသူများက Device ကို ထပ်မံ Add လုပ်လို့ မရပါ။
**Power-Off Memory Function**
• မီးပျက်ပြီး ပြန်လာတဲ့အခါ
ယခင်အခြေအနေအတိုင်း ပြန်လည်အလုပ်လုပ်စေနိုင်ပါတယ်။
• Setting မှာ
ON
OFF
Memory Mode
တို့ကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။
**3 မျိုးသော Wiring Support**
No Switch Mode
1-Way Switch
2-Way Switch
• Dual Control Switch များနဲ့လည်း အသုံးပြုနိုင်ပြီး မူလခလုတ်အသုံးပြုမှုကို မထိခိုက်စေပါဘူး။
• Switch Box အတွင်း ဖျောက်တပ်နိုင်သော Mini Design ဖြစ်ပါတယ်။
**WiFi Specification**
2.4GHz WiFi (IEEE 802.11 b/g/n)
**Supported App**
• Smart Life
• Tuya Smart
**Specification**
Maximum Current – **16A**
Input Voltage – **AC 100V~240V (50/60Hz)**
Material – **ABS**
Color – **White**
1. Rocker Switch – Flip to Change State (အများဆုံးအသုံးပြုသင့်တဲ့ Mode)
ဘယ်လိုအလုပ်လုပ်လဲ?
Wall Switch ကို အပေါ်/အောက် ဘယ်နေရာမှာပဲရှိရှိ တစ်ချက်နှိပ် (Flip) လုပ်လိုက်တာနဲ့ Smart Switch ရဲ့ ON/OFF State ပြောင်းသွားပါတယ်။
Example
မီးက ON ဖြစ်နေတယ်။
Wall Switch ကလည်း ON Position မှာရှိနေတယ်။
Switch ကို OFF Position ပြောင်းလိုက်ရင်
မီးပိတ်သွားမယ်။
နောက်တစ်ခါ
Switch ကို ON Position ပြန်တင်လိုက်ရင်
မီးပြန်ဖွင့်မယ်။
ဒါပေမယ့် App ကနေ မီးဖွင့်/ပိတ်ထားရင်လည်း Switch Position ကို မစဉ်းစားဘဲ Flip တစ်ချက်လုပ်တိုင်း State ပြောင်းသွားပါတယ်။
Smart Home အတွက် အကြံပြုထားတဲ့ Mode
App နဲ့ Wall Switch နှစ်ခုလုံး အဆင်ပြေပါတယ်။
2. Rocker Switch – State Synchronous
ဘယ်လိုအလုပ်လုပ်လဲ?
Wall Switch ရဲ့ Position နဲ့ မီးအခြေအနေကို တူညီအောင် (Synchronize) လုပ်ပေးပါတယ်။
Example
Wall Switch = ON Position
မီးလည်း ON ဖြစ်ရမယ်။
Wall Switch = OFF Position
မီးလည်း OFF ဖြစ်ရမယ်။
ဒါပေမယ့်...
App ကနေ မီးပိတ်လိုက်တယ်။
Wall Switch ကတော့ ON Position မှာရှိနေတုန်း။
အဲ့ဒီအချိန်မှာ...
Wall Switch ကို OFF Position အရင်ပြောင်းရမယ်။
ပြီးမှ ON Position ပြန်တင်ရင် မီးပြန်ဖွင့်မယ်။
Switch Position နဲ့ Device State ကို အမြဲတူအောင် ထိန်းထားတဲ့ Mode ဖြစ်ပါတယ်။
Traditional Wall Switch အသုံးများတဲ့နေရာမှာ အသုံးများပါတယ်။
3. Reset Switch (Momentary Switch / Push Button)
ဒီ Mode ကတော့ ခလုတ်ကို ဖိထားချိန်ပဲ Contact ဖြစ်တဲ့ Push Button အတွက် ဖြစ်ပါတယ်။
ဥပမာ...
Door Bell Button
Hotel Switch
Push Button Switch
ခလုတ်ကို ဖိလိုက်တာနဲ့ Signal ပို့ပြီး
လွှတ်လိုက်တာနဲ့ ပြန်ဖြုတ်သွားတဲ့ Switch အမျိုးအစားပါ။
Example
မီးပိတ်ထားတယ်။
Push Button ကို တစ်ချက်နှိပ်လိုက်တယ်။
မီးဖွင့်သွားမယ်။
နောက်တစ်ချက်နှိပ်လိုက်တယ်။
မီးပြန်ပိတ်သွားမယ်။
ခလုတ်က အမြဲတမ်း အလယ်နေရာကို ပြန်လာပါတယ်။
Push Button Switch အသုံးပြုသူများအတွက် သင့်တော်ပါတယ်။
အိမ်အများစုမှာ အသုံးပြုတဲ့ Rocker Wall Switch တွေအတွက် Rocker Switch – Flip to Change State ကို ရွေးထားတာ အကောင်းဆုံးဖြစ်ပါတယ်။ App ကနေ ထိန်းချုပ်ထားတဲ့အချိန်မှာလည်း Wall Switch ကို တစ်ချက် Flip လုပ်ရုံနဲ့ မီးကို အလွယ်တကူ ON/OFF ပြောင်းနိုင်တာကြောင့် Smart Home အသုံးပြုမှုအတွက် အဆင်ပြေဆုံး Setting ဖြစ်ပါတယ်။
**Package Includes**
Mini WiFi Smart Switch × 1
User Manual × 1
Smart Home စနစ်ကို ကုန်ကျစရိတ်နည်းနည်းနဲ့ စတင်ချင်သူများ၊ မူလမီးခလုတ်ကို မပြောင်းချင်ဘဲ Smart Control အသုံးပြုချင်သူများအတွက် အဆင်ပြေတဲ့ WiFi Smart Switch ဖြစ်ပါတယ်။
smart devices and smart lights Tuya Smart Life 16A smart switches
19,500.00 K 19,500.00 K
19,500.00 K

  • Type
Terms and Conditions
30-day money-back guarantee
Shipping: 2-3 Business Days

Specifications

Type 16A, 16A (With RF)