
ညဘက်ဆို မီးဖွင့်ဖို့မေ့တတ်ပြီး၊ မနက်လင်းရင် မီးပြန်ပိတ်ဖို့ မေ့တတ်သူတွေအတွက်အလင်းရောင် အာရုံခံ Photocell Sensor လေး ရှိပါတယ်ဗျ။
ဒီ Photocell Sensor လေးရဲ့ အဓိက အားသာချက်တွေကတော့ -

အဆင့်မြင့် ရေစိုခံစနစ်: ရေစိုခံဒီဇိုင်း (Waterproof) နဲ့ ဘယ်လိုရာသီဥတုမျိုးမှာမဆို အလင်းရောင်ကို တည်ငြိမ်စွာ အာရုံခံနိုင်ပါတယ်။

အသုံးပြုရလွယ်ကူခြင်း: နေ့နဲ့ည အလင်းရောင်အပေါ်မူတည်ပြီး မီးကို အလိုအလျောက် အဖွင့်အပိတ် လုပ်ပေးတာကြောင့် လူကိုယ်တိုင် လိုက်ပိတ်နေစရာမလိုတော့ပါဘူး။ တကယ်ကို လက်တွေ့အသုံးတည့်ပြီး အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်ပါတယ်။

နေရာစုံမှာ အသုံးပြုနိုင်ခြင်း: ခြံပြင်ဘက်က မီးလုံးတွေ၊ လမ်းမီးတွေနဲ့ တခြားလိုအပ်တဲ့ ပြင်ပနေရာတွေ အားလုံးမှာ အလွယ်တကူ ကိုက်ညီစွာ တပ်ဆင်အသုံးပြုနိုင်ပါတယ်။

[ ပါဝင်သော အသေးစိတ် အချက်အလက်များ ]

အာရုံခံစနစ် - အလင်းရောင်ဖြင့် ထိန်းချုပ်ခြင်း (Light control sensing)

အကာအကွယ် - IP44 Level

လုပ်ဆောင်ချက် - ရေစိုခံစနစ် (Waterproof)

ဗို့အား - AC 220V, AC/DC 12V

ဝန်အား - 10A

အမြင့်ဆုံးသုံးနိုင်သော ဝပ် - 2200W (AC), 120W(AC/DC)

အဖွင့်အပိတ် ကြန့်ကြာချိန် - ၀.၁ စက္ကန့်

ကြိမ်နှုန်း - 50-60Hz

ဝါယာကြိုးအရှည် - ၂၀ စင်တီမီတာ (၇.၈၇ လက်မ) ခန့်

Size:5 cm × 4.35 cm × 9.55 cm