USB Extension Cable (5m/10m) ဝယ်ယူအသုံးပြုတော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ရှည်လျားတဲ့ Cable တွေဖြစ်တဲ့အတွက် အသုံးပြုပုံ မှန်ကန်မှသာ အဆင်ပြေပြေ သုံးနိုင်မှာဖြစ်ပါတယ်။
⚠️ 5m နှင့် 10m အသုံးပြုသူများအတွက် အထူးသတိပြုရန်
ပါဝါလိုအပ်ချက်: Laptop နဲ့ PC အားလုံးဟာ 5m/10m cable တွေအတွက် လုံလောက်တဲ့ ပါဝါမပေးနိုင်တာမျိုး ရှိတတ်ပါတယ်။ မိမိ USB Port ရဲ့ Power supply ကို အရင်စစ်ဆေးပါ။
အားသွင်းရန်မသင့်တော်ပါ: Tablet များ သို့မဟုတ် ဘက်ထရီအကြီးစားသုံးထားတဲ့ Smartphone များကို အားသွင်းဖို့အတွက် အသုံးမပြုသင့်ပါဘူး။
Data လွှဲပြောင်းမှု: ကြိုးရှည်လေလေ Data transfer speed (အချက်အလက်ပို့လွှတ်မှုနှုန်း) အနည်းငယ် ကျဆင်းနိုင်ခြေ ရှိလေလေ ဖြစ်ပါတယ်။
High-Power ကိရိယာများ: USB WiFi adapter၊ Modem၊ Transmitter ဒါမှမဟုတ် External HDD (သီးသန့်ပါဝါမပါသော) ကဲ့သို့ ပါဝါအများကြီးစားတဲ့ Device တွေနဲ့ တွဲသုံးဖို့ အကြံမပြုလိုပါ။
Desktop အသုံးပြုသူများ: 5m သို့မဟုတ် 10m ကြိုးများကို Desktop Computer ရဲ့ ရှေ့ဘက် USB Port တွေမှာ မတပ်ပါနဲ့။ အနောက်ဘက် (Motherboard) က တိုက်ရိုက်လာတဲ့ Port တွေကိုပဲ သုံးပေးပါ။
❓ အမေးများသော မေးခွန်းများနှင့် အဖြေများ (FAQ)
မေး - Device က ခဏခဏ ပြုတ်သွားတာ ဒါမှမဟုတ် Signal အားနည်းနေတာ ဘာကြောင့်လဲ?
ဖြေ - USB port ကနေ လုံလောက်တဲ့ ပါဝါ (Power Supply) မပေးနိုင်လို့ ဖြစ်ပါတယ်။ ပါဝါပိုကောင်းတဲ့ Port မှာ ပြောင်းတပ်ပါ သို့မဟုတ် External Power အကူအညီယူပါ။
မေး - USB Flash Drive တပ်တာ ဘာလို့ အလုပ်မလုပ်တာလဲ?
ဖြေ - Motherboard ရဲ့ USB port ကနေ ပေးတဲ့ပါဝါ နည်းနေလို့ ဖြစ်ပါတယ်။ ပါဝါအထွက်ကောင်းတဲ့ port ကို သုံးပေးဖို့ လိုအပ်ပါတယ်။
✨ ထူးခြားချက်များ
🔌 USB 2.0 Male to USB 2.0 Female Extension Cable
🔵 Color: Transparent Blue
📏 Available Lengths: 30cm, 50cm, 1m, 1.5m, 1.8m, 3m, 5m, 10m
🛡️ Three-Layer Shielding: Foil + Braided (Inside) + Transparent PVC (Outside)
🔧 Cable Materials:
• 30cm / 50cm / 1m / 1.5m – 28AWG + 30AWG Copper
• 3m / 5m – 26AWG + 28AWG Copper
• 10m – 24AWG + 28AWG Copper
📦 Package Includes:
🔌 1 × USB 2.0 Cable