🔌 DC မီးလုံး၊ LED မီး၊ ပန်ကာနဲ့ သင့်လျော်တဲ့ DC ပစ္စည်းတွေကို Remote ဖြင့် အဖွင့်/အပိတ် ထိန်းချုပ်နိုင်တဲ့ RF Receiver ဖြစ်ပါတယ်။ အသုံးပြုမယ့်စနစ်အလိုက် Working Mode အမျိုးမျိုး ရွေးချယ်နိုင်လို့ DIY Electronics နဲ့ DC Control Project များအတွက် အသုံးဝင်ပါတယ်။
⚙️ **Technical Specifications**
▪️ Input Voltage – DC 5V–48V
▪️ Output Voltage – Input Voltage နှင့်တူညီ
▪️ Maximum Current – 16A
▪️ Standby Current – 5mA အောက်
▪️ RF Frequency – 433.92MHz
▪️ Receiver Type – Superheterodyne
▪️ Receive Sensitivity – −107dBm
▪️ Decoding – MCU Software Decoding
▪️ Remote မှတ်သားနိုင်မှု – အများဆုံး 20 ခု
▪️ Remote Code – EV1527 Learning Code / PT2262 Fixed Code
▪️ Pairing နည်းလမ်း – Learning Button
▪️ ကြိုးချိတ်ဆက်မှု – Fixed Terminal
▪️ အရွယ်အစား – 43.4 × 30 × 22.4mm
▪️ အလေးချိန် – ခန့်မှန်း 24g
▪️ အလုပ်လုပ်နိုင်သောအပူချိန် – −20°C မှ +80°C
📶 **Remote အကွာအဝေး**
open space မှာ 50–70m ဝန်းကျင် ဖြစ်ပြီး အသုံးပြုတဲ့ Remote၊ Antenna၊ အတားအဆီးနဲ့ ပတ်ဝန်းကျင်အခြေအနေအလိုက် အမှန်တကယ်အကွာအဝေး ကွာခြားနိုင်ပါတယ်။
🔄 **အသုံးပြုနိုင်သော Working Mode များ**
🔹 **1. Momentary Mode – ဖိထားစဉ်သာ ON**
Remote ခလုတ်ကို ဖိထားတဲ့အချိန် Relay ON ဖြစ်ပြီး လွှတ်လိုက်တာနဲ့ OFF ဖြစ်ပါတယ်။
🔹 **2. Toggle Mode – တစ်ချက် ON / နောက်တစ်ချက် OFF**
ခလုတ်တစ်ချက်နှိပ်ရင် ON ဖြစ်ပြီး အဲဒီခလုတ်ကို နောက်တစ်ချက်နှိပ်ရင် OFF ဖြစ်ပါတယ်။
🔹 **3. Latching Mode – ON/OFF ခလုတ်သီးခြား**
Remote ရဲ့ A ခလုတ်နှိပ်ရင် ON ဖြစ်ပြီး B ခလုတ်နှိပ်ရင် OFF ဖြစ်ပါတယ်။
🔹 **4. Time Delay Mode – အချိန်ပြည့်လျှင် အလိုအလျောက် OFF**
Remote ခလုတ်နှိပ်ရင် ON ဖြစ်ပြီး ခလုတ်လွှတ်ချိန်မှစ၍ သတ်မှတ်ထားတဲ့ 5 / 10 / 15 / 20 စက္ကန့်ပြည့်တဲ့အခါ အလိုအလျောက် OFF ဖြစ်ပါတယ်။
🔹 **5. Power-On Auto ON Mode**
ဒီ Mode ကို ရွေးထားပါက Power Supply ဝင်လာတာနဲ့ Relay အလိုအလျောက် ON ဖြစ်ပါတယ်။
🛠️ Remote ချိတ်ဆက်နည်း
▪️ Mode ပြောင်းမယ်ဆိုရင် အရင်ဆုံး Learning Button ကို 9 ချက် နှိပ်ပြီး Code အဟောင်းတွေကို ဖျက်ပါ။ LED 5 ကြိမ် မှိတ်တုတ်ပြရင် ဖျက်ခြင်းပြီးပါပြီ။
▪️ အသုံးပြုလိုတဲ့ Mode အလိုက် Learning Button ကို အောက်ပါအတိုင်း နှိပ်ပါ။
✅ 1 ချက် — Momentary
✅ 2 ချက် — Toggle
✅ 3 ချက် — Latching
✅ 4 ချက် — Delay 5 စက္ကန့်
✅ 5 ချက် — Delay 10 စက္ကန့်
✅ 6 ချက် — Delay 15 စက္ကန့်
✅ 7 ချက် — Delay 20 စက္ကန့်
✅ 8 ချက် — Power-On Mode
▪️ LED လင်းလာတဲ့အခါ ချိတ်ဆက်လိုတဲ့ Remote ခလုတ်ကို နှိပ်ပါ။ LED 3 ကြိမ် မှိတ်တုတ်ပြရင် Pairing အောင်မြင်ပါပြီ။
📌 **အသုံးပြုရာတွင် သိထားရန်**
▪️ Output Voltage က Input နဲ့တူညီပါတယ်။ ဥပမာ DC 12V ထည့်ရင် ON ဖြစ်နေချိန် Output မှာ DC 12V ရရှိမှာဖြစ်ပြီး Voltage မြှင့်/လျှော့ပေးတဲ့ Converter မဟုတ်ပါ။
▪️ 16A က ဖော်ပြထားတဲ့ အများဆုံး Current ဖြစ်ပါတယ်။ Motor စတဲ့ စတင်လည်ပတ်ချိန် Current မြင့်တက်နိုင်သော Load များအတွက် သင့်လျော်မှုကို စစ်ဆေးပြီး အသုံးပြုပါ။