Skip to Content

DC 9V-72V 10A RF 433MHz 2-way control RF Remote Control Switch

🛠️DC 9-72V 10A 2-Channel RF Remote Control Switch ⚙️

💡 နည်းပညာဆိုင်ရာ အချက်အလက်များ (Specifications)

* ⚡ **Working Voltage:** DC 9V ကနေ 72V အထိ Rangeကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ပါတယ်။
* 🎯 **Working Distance: ** 30-70m အကွာအဝေးထိရပါတယ်။
* 📡 **Frequency:** 433MHz လှိုင်းနှုန်းနဲ့ အလုပ်လုပ်တာမို့ အချက်ပြစနစ် ကောင်းမွန်ပါတယ်။
* 🎯 **Sensitive Reception:** -105Db ရှိလို့ အချက်ပြဖမ်းယူမှု အထူးကောင်းမွန်ပြီး စိတ်ချရပါတယ်။
* ✅ ** Remote Controller 15 ခုအထိ မှတ်သားနိုင်
* 💪 **Maximum Load:** Relay တခုချင်းစီဟာ အများဆုံး 10A အထိ ခံနိုင်ရည်ရှိပါတယ်။
* 🧠 **Encoding Type:** Learning Type ဖြစ်ပြီး Jump cap (ခေါင်းစွပ်) ပြောင်းလဲတပ်ဆင်တဲ့ စနစ်ကို အသုံးပြုထားပါတယ်။ Limit Switch Port ပါဝင်ပါတယ်
* ⚙️ **Working Method:** Inching, Interlocking, Self-locking ဆိုပြီး စိတ်ကြိုက် ပုံစံ ၃ မျိုး ပြောင်းလဲနိုင်ပါတယ်။
* ⚖️ **Weight:** ၁၁၀ ဂရမ်
* 📏 **PCB Size:** 48 * 68 * 18 mm
* 📦 **Housing Size:** 55 * 74 * 25 mm

---

🔄 အလုပ်လုပ်ပုံ ပုံစံများ (Working Modes)

မိမိအသုံးပြုမယ့် လုပ်ငန်းခွင်အလိုက် Jump cap (ခေါင်းစွပ်) လေးတွေကို အောက်ပါအတိုင်း ပြောင်းရွှေ့ တပ်ဆင်နိုင်ပါတယ်-

🔒 **Self-locking Mode (နှိပ်ရင်ပွင့်၊ ပြန်နှိပ်ရင်ပိတ်):** နံပါတ် 2 နဲ့ 3 ဂျမ်ပါတွေကို ချိတ်ဆက်ပေးရပါမယ်။
🔗 **Interlocking Mode (တခုပွင့်ရင် တခုပိတ်):** နံပါတ် 1 နဲ့ 2 ဂျမ်ပါတွေကို ချိတ်ဆက်ပေးရပါမယ်။
🕹️ **Inching Mode (ဖိထားမှပွင့်၊ လွှတ်လိုက်ရင်ပိတ်):** ဘာဂျမ်ပါမှ တပ်ဆင်ထားစရာမလိုပါဘူး (ခေါင်းစွပ်မစွပ်ဘဲ အလွတ်ထားပါ)။

💡 **မှတ်ချက် (၁):** Inching နဲ့ Self-locking မုဒ်တွေမှာ လမ်းကြောင်း M1 နဲ့ M2 ဟာ တခုနဲ့တခု အမှီအခိုမရှိ သီးခြား လွတ်လပ်စွာ အလုပ်လုပ်ပါတယ်။
⚠️ **မှတ်ချက် (၂):** Interlock မုဒ်မှာတော့ ဘေးကင်းလုံခြုံရေးအတွက် M1 နဲ့ M2 လမ်းကြောင်း နှစ်ခုလုံး တပြိုင်နက်တည်း အလုပ်လုပ်ခြင်း (Output ထွက်ခြင်း) ကို ခွင့်မပြုပါဘူး။

---

🔌 Terminal Connections
🔹 DC+ ➜ Positive (+)
🔹 DC- ➜ Negative (-)

➡️ OutPut (2 Channel)
🔹 COM ➜ Common
🔹 NO ➜ Normally Open
🔹 NC ➜ Normally Close

📌 Load Capacity
• AC 250V အထိ (10A)
• DC 30V အထိ (10A)
(သတ်မှတ်ထားသော Load Limit အတွင်းသာ အသုံးပြုရန်)

📑 Remote နဲ့ Switch ချိတ်ဆက်နည်းလမ်း (Learning Methods)

အသုံးမပြုခင် မိမိအသုံးပြုချင်တဲ့ ပုံစံ (Inching, Self-locking သို့မဟုတ် Interlocking) ကို အရင်ဆုံး ဂျမ်ပါခေါင်းစွပ်လေးနဲ့ ရွေးချယ်ထားပါ။

* ➡️ **နံပါတ် (၁) လမ်းကြောင်း ချိတ်ဆက်ခြင်း:** စက်ကို ပါဝါပေးပြီး Control Panel ပေါ်က Learning Button ကို တစ်ချက်နှိပ်ပါ။ မီးကုဒ်ပြကွက် (Indicator Light) တချက် ဖလက်ရှ်ထတောက်ပါလိမ့်မယ်။ အဲဒီအချိန်မှာ Remote Control ပေါ်က A ခလုတ်ကို နှိပ်လိုက်ရင် မီးလေး နှစ်ချက်လင်းပြီး ပြန်မှိတ်သွားပါလိမ့်မယ်။ ဒါဆိုရင် 1-Way Relay ကို အောင်မြင်စွာ မှတ်သားပြီးပါပြီ။
* ➡️ **နံပါတ် (၂) လမ်းကြောင်း ချိတ်ဆက်ခြင်း:** Control Panel ပေါ်က Learning Button ကို နှစ်ချက် ဆက်တိုက် ထပ်နှိပ်ပါ။ မီးကုဒ်ပြကွက် နှစ်ချက် ဖလက်ရှ်ထတောက်လာပါမယ်။ အဲဒီအချိန်မှာ Remote ပေါ်က B ခလုတ်ကို နှိပ်လိုက်ရင် မီးလေး နှစ်ချက်လင်းပြီး ပြန်မှိတ်သွားပြီး 2-Way Relay ကို မှတ်သားမှု ပြီးမြောက်သွားမှာပါ။
* 🧹 **ဒေတာအကုန် ပြန်ဖျက်နည်း (Clear):** Learning Button ကို ၈ စက္ကန့်ခန့် ဖိထားလိုက်ပါ။ အချက်ပြမီးလေး ငြိမ်းသွားရာကနေ အသေပြန်လင်းလာရင် စက်ထဲမှာ မှတ်သားထားတဲ့ Remote ကုဒ်တွေအားလုံး အောင်မြင်စွာ ပျယ်ပျက်သွားပြီ ဖြစ်ပါတယ်။

---

📦 ဘာတွေ ပါဝင်မလဲ (Package Include)

* 🎛️ RF Switch (ထိန်းချုပ်ဘုတ်ပြား) - ၁ ခု
* 🎮 RF Remote (အဝေးထိန်းခလုတ်) - ၁ ခု
RF 433MHz Remote RF 433Mhz switchs RF receiver 2 CH 9V-72V 10A RF
33,000.00 K 33,000.00 K
33,000.00 K

  • TYPE
Terms and Conditions
30-day money-back guarantee
Shipping: 2-3 Business Days

Specifications

TYPE 10A