Skip to Content

Matter Smart Gateway Hub Zigbee Multi Protocol Bridge Homekit Alexa Google Home Smart Life App Control

🏠 **Matter Smart Gateway – Smart Home Devices တွေကို Platform မရွေး ချိတ်ဆက်အသုံးပြုနိုင်တဲ့ Hub !**

🔹 **Matter Protocol Support**
Smart Home Setup လုပ်တဲ့အခါ Device တစ်ခုက App တစ်မျိုး၊ Brand တစ်ခုက Ecosystem တစ်မျိုးဖြစ်နေလို့ ချိတ်ဆက်ရခက်တာတွေ ကြုံဖူးကြမယ်ထင်ပါတယ်။ Matter Standard ကို Support ပေးထားတာကြောင့် Smart Home Device တွေကို Platform မရွေး ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ Apple HomeKit, Google Home, Alexa တို့နဲ့ ချိတ်ဆက်အသုံးပြုနိုင်ပြီး Smart Home Ecosystem တစ်ခုတည်းအောက်မှာ စီမံခန့်ခွဲနိုင်ပါတယ်။

🔹 **Zigbee + Thread Protocol Support**
Matter Smart Gateway က Zigbee နဲ့ Thread Protocol အသုံးပြုတဲ့ Smart Devices တွေကို Support ပေးထားပါတယ်။ Gateway တစ်လုံးတည်းနဲ့ Protocol မတူတဲ့ Device တွေကို အပြန်အလှန်ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

🔹 Internet မရှိလည်း Local Control ရတယ်
ဒီ Gateway ရဲ့ အားသာချက်တစ်ခုက Internet ပြတ်သွားတဲ့အချိန်မှာတောင် တူညီတဲ့ Local Network (LAN/WiFi) အတွင်းရှိ Zigbee နဲ့ Thread Devices တွေကို ဆက်လက်ထိန်းချုပ်နိုင်တာပါ။

🔹 Matter Architecture ရဲ့ အားသာချက်တစ်ခုက Local Control ဖြစ်ပါတယ်။ Gateway နဲ့ Device တွေက Local Network အတွင်း တိုက်ရိုက် ဆက်သွယ်နိုင်တာကြောင့် Internet မရှိတဲ့အချိန်မှာတောင် အိမ်ထဲက Automation နဲ့ Control တွေ ဆက်လက်အလုပ်လုပ်နိုင်ပါတယ်။ ဥပမာ Sensor Trigger ဖြစ်တာနဲ့ Light ဖွင့်တာမျိုးတွေ Cloud မလိုဘဲ Local Network မှာ အလုပ်လုပ်နိုင်ပါတယ်။

🔹 Local Control ရဖို့ ဘယ် App တွေသုံးလို့ရလဲ?

✅ Apple Home (HomeKit)

✅ Google Home

✅ Amazon Alexa

✅ Samsung SmartThings

🔹 Matter Compatible Platform တွေမှာ Device တွေကို Add ထားရင် Local Network အတွင်းမှာ တိုက်ရိုက် Control လုပ်နိုင်ပါတယ်။ Matter ရဲ့ ရည်ရွယ်ချက်က Cloud မရှိဘဲ Local Communication ကို Support ပေးဖို့ ဖြစ်ပါတယ်။

🔹 **Signal Coverage ပိုမိုကောင်းမွန်ခြင်း**
Built-in Zigbee Signal Transmitter ပါဝင်ထားပြီး နံရံဖြတ်ကျော် Signal ပို့ဆောင်နိုင်စွမ်း ကောင်းမွန်ပါတယ်။ Thread Device များကိုလည်း အကွာအဝေး ပိုဝေးဝေးကနေ ချိတ်ဆက်နိုင်ပြီး အခန်းများစွာရှိတဲ့ အိမ်များအတွက် အသုံးဝင်ပါတယ်။

🔹 **Multi-Platform Control**
Tuya App မှ Generate လုပ်ထားတဲ့ QR Code ကို Apple HomeKit အပါအဝင် Compatible Platform များသို့ Share ပြုလုပ်နိုင်ပါတယ်။ Device တစ်ခုတည်းကို App အမျိုးမျိုးမှ ထိန်းချုပ်နိုင်စေပါတယ်။

🔹 **Smart Scene Automation**
Smart Devices များစွာကို တစ်ပြိုင်နက် ချိတ်ဆက်နိုင်ပြီး Automation Scene များ ဖန်တီးနိုင်ပါတယ်။ ဥပမာ - Sensor Trigger ဖြစ်တဲ့အခါ မီးအလိုအလျောက်ဖွင့်ခြင်း၊ Curtain ဖွင့်ခြင်း စတဲ့ Smart Scene များ တည်ဆောက်နိုင်ပါတယ်။

🔹 **Remote Control Support**
Tuya App, Smart Life App, Google Home App များမှတစ်ဆင့် Internet ရှိတဲ့နေရာတိုင်းကနေ Device များကို စီမံထိန်းချုပ်နိုင်ပါတယ်။

🔹 **Voice Control**
Gateway နှင့် ချိတ်ဆက်ထားသော Compatible Zigbee / Thread Devices များကို Siri, Google Assistant, Alexa တို့မှ Voice Command ဖြင့် ထိန်းချုပ်နိုင်ပါတယ်။

🔹 **Network & Power Requirements**
• Type-C Power Input (5V/1A) အသုံးပြုသည်။
• LAN Cable ချိတ်ဆက်ထားရမည်။
• Setup ပြုလုပ်စဉ် Phone နှင့် Gateway သည် WiFi Network တစ်ခုတည်းပေါ်တွင် ရှိရမည်။
• 2.4GHz WiFi ကိုသာ Support ပေးပြီး 5GHz WiFi မသုံးနိုင်ပါ။

⚠️ **သတိပြုရန်**
• WiFi Only Device များနှင့် Bluetooth Device များကို တိုက်ရိုက် Support မပေးပါ။
• Zigbee Device အားလုံး အလုပ်လုပ်မည်မဟုတ်ပါ။ Matter Boundary Routing / Matter Router Support ပါဝင်သော Device များသာ Compatible ဖြစ်နိုင်ပါသည်။
• အသုံးပြုမည့် Device များ၏ Compatibility ကို ကြိုတင်စစ်ဆေးရန် အကြံပြုပါသည်။

📌 Smart Home Setup တစ်ခုကို ပိုမိုလွယ်ကူစွာ တည်ဆောက်လိုသူများအတွက် Matter Gateway က စိတ်ဝင်စားဖွယ် ရွေးချယ်စရာတစ်ခု ဖြစ်နိုင်ပါတယ်။
Tuya smartlife Zigbee gateway matter gateway pro matter thread
190,000.00 K 190,000.00 K
190,000.00 K

  • Type
Terms and Conditions
30-day money-back guarantee
Shipping: 2-3 Business Days

Specifications

Type White