Skip to Content

Solar Energy Drip Irrigation Systems Automatic Watering Device Automatic Watering Controller

🌱☀️ **Solar Smart Auto Drip Irrigation System – အပင်ရေလောင်းဖို့ မေ့သွားလည်း စိတ်ပူစရာမလိုတော့ဘူး!** 💧🌿

🏡 Balcony, Terrace, Rooftop Garden နဲ့ Indoor Plant Corner တွေမှာ ရေလိုင်းမရှိ၊ လျှပ်စစ်မရှိတဲ့ နေရာတွေတောင် အလွယ်တကူ အသုံးပြုနိုင်တဲ့ **Solar Powered Automatic Watering System** လေးပါ။

☀️ နေရောင်ခြည်စွမ်းအင်နဲ့ အလုပ်လုပ်ခြင်း - ဆိုလာပြားလေးပါတော့ ပလပ်ထိုးစရာမလို၊ ဓာတ်ခဲဝယ်ထည့်စရာမလိုဘဲ နေရောင်ရတဲ့နေရာမှာထားရုံနဲ့ အလိုအလျောက် အားသွင်းပေးပါတယ်။

🔋 ဘက်ထရီအားခံမှု - နေမပူတဲ့ရက်တွေအတွက်လည်း ပူစရာမလိုပါဘူး။ USB-C ကြိုးလေးနဲ့ ၃ နာရီလောက် အားသွင်းရုံနဲ့ ရက် ၃၀ လောက် (တစ်နေ့ ၁၀ မိနစ်ရေလောင်းရင်) အေးဆေးအသုံးပြုနိုင်တဲ့ 3.7V 2200mAh ဘက်ထရီ ပါဝင်ပါတယ်။

🪣 ရေပိုက်ခေါင်း တိုက်ရိုက်သွယ်စရာမလိုခြင်း - ရေပုံး တစ်ပုံးရှိရုံနဲ့ စက်လေးကနေ ရေကို အလိုအလျောက်စုပ်ယူ (Suction lift 1.5 meter အထိရ) ပြီး အပင်တွေဆီ အစက်ချစနစ်နဲ့ ရေလောင်းပေးမှာပါ။

⏰ မိမိစိတ်ကြိုက် အချိန်သတ်မှတ်နိုင်ခြင်း - ချက်ချင်းရေလောင်းချင်ရင် Manual Mode နဲ့ ၁ မိနစ်ကနေ မိနစ် ၃၀ အထိ ရွေးလို့ရပါတယ်။ အလိုအလျောက်ရေလောင်းဖို့အတွက်ဆိုရင်တော့ ၁ နာရီ ကနေ ၂၃ နာရီခြား တစ်ခါ (သို့) ၁ ရက် ကနေ ၁၅ ရက်ခြား တစ်ခါ စသဖြင့် အတိအကျ စိတ်ကြိုက် ချိန်ညှိထားနိုင်ပါတယ်။

💧 ရေချွေတာပြီး ထိရောက်မှုရှိခြင်း - အပင်ရဲ့ အမြစ်ဆီကို တိုက်ရိုက် အစက်ချပေးတဲ့ စနစ် (Drip Irrigation) ဖြစ်လို့ ရေအလေအလွင့်မရှိဘဲ ရေကို အကောင်းဆုံး ချွေတာပေးနိုင်ပါတယ်။ Water flow ကလည်း 630ml/min အထိ ရပါတယ်။

☔ ရေစိုခံပြီး ခိုင်ခံ့သောဒီဇိုင်း - IPX5 Waterproof အဆင့်ရှိလို့ အပြင်မှာထားရင် မိုးရွာမှာကိုလည်း စိတ်ပူစရာမလိုပါဘူး။ အရည်အသွေးမြင့် ABS နဲ့ ပြုလုပ်ထားလို့ ခိုင်ခံ့ပြီး ရေရှည်အသုံးခံပါတယ်။

📦 တပ်ဆင်ရလွယ်ကူပြီး ပစ္စည်းအစုံအလင်ပါဝင်ခြင်း - ပန်းအိုး ၁၀ အိုးစာအတွက် လိုအပ်တဲ့ ၁၀ မီတာ (၃၃ ပေ) အရှည်ရှိတဲ့ ရေပိုက်၊ ရေချတဲ့ ခေါင်း (Drip Arrows) ၁၀ ခု၊ ဆက်သွယ်တဲ့ T-joints တွေ၊ ရေစစ် (Filter)၊ Anti-Siphon Valve၊ စက်ကို ချိတ်ဆွဲဖို့ Hook နဲ့ ဝက်အူတွေကအစ Package ထဲမှာ အကုန်အစုံအလင် ပါဝင်ပါတယ်။


🌦️ **Outdoor / Indoor နှစ်မျိုးလုံး အသုံးပြုနိုင်**
• ဟင်းသီးဟင်းရွက်စိုက်ခင်း
• ပန်းအိုးများ
• Balcony Garden
• Rooftop Garden
• Indoor Decorative Plants
စတဲ့ နေရာမျိုးစုံမှာ အသုံးပြုနိုင်ပါတယ်။

💪 **ခိုင်ခံ့ပြီး ရေဒဏ်ခံနိုင်သော ဒီဇိုင်း**
• ABS Material ဖြင့် ပြုလုပ်ထားပါတယ်။
• IPX5 Waterproof Rating ပါဝင်ပါတယ်။
• အပူချိန် 0°C မှ 50°C အထိ အလုပ်လုပ်နိုင်ပါတယ်။

📌 **Technical Specifications**
🔹 Water Flow Rate – 630ml/min
🔹 Water Pressure – 35 PSI
🔹 Battery Capacity – 2200mAh Lithium Battery
🔹 Battery Backup – တစ်နေ့ 10 မိနစ်အသုံးပြုပါက 30 ရက်ခန့်
🔹 Solar Input – 5V 220mA (1.1W)
🔹 USB-C Charging – 5V 1A
🔹 USB Charging Time – 3 နာရီခန့်
🔹 Suction Lift – 1.5 Meter
🔹 Pump Head – 1.5 Meter
🔹 အပင်အိုး 10 လုံးခန့်အထိ အသုံးပြုနိုင်

📦 **Package ထဲတွင် ပါဝင်သောပစ္စည်းများ**
✅ Solar Water Pump Controller
✅ 10 Meter Water Pipe
✅ Drip Arrows × 10
✅ T Connectors × 10
✅ Anti-Siphon Valve × 1
✅ Water Filter × 1
✅ Hooks & Screw Pack
✅ User Manual
✅ USB-C Charging Cable

🌿 ခရီးသွားနေချိန်၊ အလုပ်များနေချိန်တွေမှာလည်း အပင်တွေကို ပုံမှန်ရေလောင်းပေးနိုင်ဖို့ ကူညီပေးမယ့် Smart Gardening Device လေးဖြစ်ပါတယ်။
Garden Watering Tool watering system smart watering system timer watering
132,000.00 K 132,000.00 K
132,000.00 K

  • Colour
Terms and Conditions
30-day money-back guarantee
Shipping: 2-3 Business Days

Specifications

Colour White