Skip to Content

Tuya Smart Wireless Zigbee Hygrometer Thermometer Sensor Monitor With Backlight App Voice Remote Control Alexa Google Home

⚠️ အရေးကြီးသည့် မှတ်ချက်များ

  • Zigbee Gateway လိုအပ်ခြင်း

အသုံးပြုရန်အတွက် Zigbee Gateway တစ်ခု မဖြစ်မနေ ရှိရန်လိုအပ်ပါသည်။ Wifi တိုက်ရိုက်ချိပ်ပြီး အလုပ်မလုပ်ပါ။

  • အကြံပြုချက်

ပိုမိုကောင်းမွန်ပြီး တည်ငြိမ်သည့် ချိတ်ဆက်မှုရရှိရန် C Smart Series Multi-Mode Gateway ကို အသုံးပြုရန် အကြံပြုပါသည်။

  • အိမ်တွင်း၌သာ အသုံးပြုရန်

အိမ်အတွင်း၌သာ အသုံးပြုရန်အတွက် ထုတ်လုပ်ထားပါသည်။

  • စတင်အသုံးပြုချိန်

တိကျသော အချက်အလက်များကို ရရှိနိုင်ရန် ပထမဆုံးအကြိမ် ပါဝါဖွင့်ပြီးနောက် မိနစ် ၃၀ ခန့် စောင့်ဆိုင်းပေးပါ။

  • အိမ်အကျယ်အဝန်း

အိမ်အကျယ်အဝန်း ကြီးမားပါက Gateway တစ်ခုထက်ပို၍ အသုံးပြုရန် အကြံပြုပါသည်။


မှတ်ချက်: Zigbee Version ဖြစ်သောကြောင့် အသုံးပြုရန် Zigbee Gateway (Hub) တစ်ခု လိုအပ်ပါမည်။ Zigbee Gateway (Hub) မရှိရင် အသုံးပြုလို့မရပါ။

🌡️ C Smart Zigbee Temperature & Humidity Sensor | Type-C Modular Smart Home System

သင့်အိမ်ကို ခေတ်မီပြီး သက်တောင့်သက်သာရှိတဲ့ Smart Home အဖြစ် ပြောင်းလဲလိုက်ပါ။ ကြိုးရှုပ်စရာမလိုတဲ့ Type-C Modular System နဲ့ ဒီဇိုင်းထုတ်ထားလို့ တပ်ဆင်ရတာ အလွန်လွယ်ကူတဲ့ အပူချိန်နဲ့ စိုထိုင်းဆတိုင်း Sensor လေးဖြစ်ပါတယ်။

✨ ထူးခြားချက်များ

  • 🔌 ကြိုးမဲ့ တိုက်ရိုက်တပ်ဆင်နိုင်ခြင်း: Type-C port ပါတဲ့ C Smart Series Switch တွေ၊ Sockets တွေမှာ တိုက်ရိုက်အသာလေး ထိုးစိုက်လိုက်ရုံပါပဲ။ အားသွင်းကြိုးတွေ ရှုပ်နေမှာကို စိတ်ပူစရာမလိုတော့ဘူးပေါ့။
  • 🛠️ Modular Design: ပေါ့ပါးကျစ်လျစ်ပြီး လိုသလို နေရာရွှေ့ပြောင်းနိုင်ပါတယ်။ (0.5m Type-C Cable အလကားပါဝင်လို့ နံရံမှာကပ်မလား၊ စားပွဲပေါ်တင်မလား စိတ်ကြိုက်ပဲ!)
  • 🤖 Smart Automation: Tuya / Smart Life App နဲ့ ချိတ်ဆက်ပြီး အခြား Smart Devices များကို  အလိုအလျောက် ခိုင်းစေနိုင်ပါတယ်။
    • ဥပမာ - အခန်းပူလာရင် Aircon အလိုအလျောက်ဖွင့်ခိုင်းတာမျိုး၊ စိုထိုင်းဆနည်းရင် Humidifier ဖွင့်ခိုင်းတာမျိုး လုပ်လို့ရပါတယ်။(သက်ဆိုင်ရာ Smart Sensor Devices များလိုအပ်ပါတယ်။ )
  • 📊 တိကျတဲ့ တိုင်းတာမှု: အပူချိန် (±1°C) နဲ့ စိုထိုင်းဆ (±5%RH) ကို တိတိကျကျ ပြသပေးပါတယ်။
  • 🎙️ Voice Control: Alexa တို့ Google Home တို့နဲ့ ချိတ်ဆက်ပြီး "အိပ်ခန်းထဲ ဘယ်လောက်အပူချိန်ရှိလဲ" ဆိုတာမျိုး အသံနဲ့ မေးမြန်းနိုင်ပါတယ်။
  • 🌙 Backlight & Time Display: အမှောင်ထဲမှာ ကြည့်ရလွယ်အောင် မီးလင်းတဲ့စနစ်ပါဝင်ပြီး Network ချိတ်ထားရင် အချိန် (Time) ကိုပါ တစ်ခါတည်း ပြသပေးပါတယ်။
  • 📈 Data History: အရင်ရက်တွေက အပူချိန် အတက်အကျတွေကို App ထဲမှာ Graph နဲ့ ပြန်ကြည့်နိုင်ပြီး Email ထဲကိုပါ Data ထုတ်ယူလို့ရပါတယ်။
  • ​👨‍👩‍👧‍👦 Device Sharing & Group Control: မိသားစုဝင်တွေ အကုန်လုံး အလွယ်တကူ App ထဲကနေ ကြည့်ရှု ထိန်းချုပ်နိုင်သလို၊ Smart Device အများကြီးကို Group ဖွဲ့ပြီး တစ်ချက်တည်း Control လုပ်နိုင်ပါတယ်။

🔍 အသေးစိတ် အချက်အလက်များ (Specifications)

  • ပစ္စည်း: PC + ABS (ခိုင်ခံ့ပြီး အပူဒဏ်ခံနိုင်)
  • အပူချိန်တိုင်းတာမှု: -10°C မှ 65°C အထိ
  • စိုထိုင်းဆတိုင်းတာမှု: 0% မှ 99%RH အထိ
  • အရွယ်အစား: 4.1 × 7.3 × 2.5 cm (သေးငယ်ကျစ်လျစ်)
  • App Support: Tuya Smart / Smart Life

📦 ပါဝင်ပစ္စည်းများ

  1. C Smart Sensor x 1
  2. 0.5m Type-C Cable x 1
  3. အသုံးပြုပုံလမ်းညွှန်စာအုပ် x 1


smart devices and smart lights Zigbee devices Hygrometer Thermometer sensor Smart sensors
65,000.00 K 65,000.00 K
65,000.00 K

  • Type
Terms and Conditions
30-day money-back guarantee
Shipping: 2-3 Business Days

Specifications

Type Zigbee