⚠️ အရေးကြီးသည့် မှတ်ချက်များ
အသုံးပြုရန်အတွက် Zigbee Gateway တစ်ခု မဖြစ်မနေ ရှိရန်လိုအပ်ပါသည်။ Wifi တိုက်ရိုက်ချိပ်ပြီး အလုပ်မလုပ်ပါ။
ပိုမိုကောင်းမွန်ပြီး တည်ငြိမ်သည့် ချိတ်ဆက်မှုရရှိရန် C Smart Series Multi-Mode Gateway ကို အသုံးပြုရန် အကြံပြုပါသည်။
အိမ်အတွင်း၌သာ အသုံးပြုရန်အတွက် ထုတ်လုပ်ထားပါသည်။
တိကျသော အချက်အလက်များကို ရရှိနိုင်ရန် ပထမဆုံးအကြိမ် ပါဝါဖွင့်ပြီးနောက် မိနစ် ၃၀ ခန့် စောင့်ဆိုင်းပေးပါ။
အိမ်အကျယ်အဝန်း ကြီးမားပါက Gateway တစ်ခုထက်ပို၍ အသုံးပြုရန် အကြံပြုပါသည်။
မှတ်ချက်: Zigbee Version ဖြစ်သောကြောင့် အသုံးပြုရန် Zigbee Gateway (Hub) တစ်ခု လိုအပ်ပါမည်။ Zigbee Gateway (Hub) မရှိရင် အသုံးပြုလို့မရပါ။
🌡️ C Smart Zigbee Temperature & Humidity Sensor | Type-C Modular Smart Home System
သင့်အိမ်ကို ခေတ်မီပြီး သက်တောင့်သက်သာရှိတဲ့ Smart Home အဖြစ် ပြောင်းလဲလိုက်ပါ။ ကြိုးရှုပ်စရာမလိုတဲ့ Type-C Modular System နဲ့ ဒီဇိုင်းထုတ်ထားလို့ တပ်ဆင်ရတာ အလွန်လွယ်ကူတဲ့ အပူချိန်နဲ့ စိုထိုင်းဆတိုင်း Sensor လေးဖြစ်ပါတယ်။
✨ ထူးခြားချက်များ
🔌 ကြိုးမဲ့ တိုက်ရိုက်တပ်ဆင်နိုင်ခြင်း: Type-C port ပါတဲ့ C Smart Series Switch တွေ၊ Sockets တွေမှာ တိုက်ရိုက်အသာလေး ထိုးစိုက်လိုက်ရုံပါပဲ။ အားသွင်းကြိုးတွေ ရှုပ်နေမှာကို စိတ်ပူစရာမလိုတော့ဘူးပေါ့။
🛠️ Modular Design: ပေါ့ပါးကျစ်လျစ်ပြီး လိုသလို နေရာရွှေ့ပြောင်းနိုင်ပါတယ်။ (0.5m Type-C Cable အလကားပါဝင်လို့ နံရံမှာကပ်မလား၊ စားပွဲပေါ်တင်မလား စိတ်ကြိုက်ပဲ!)
🤖 Smart Automation: Tuya / Smart Life App နဲ့ ချိတ်ဆက်ပြီး အခြား Smart Devices များကို အလိုအလျောက် ခိုင်းစေနိုင်ပါတယ်။
📊 တိကျတဲ့ တိုင်းတာမှု: အပူချိန် (±1°C) နဲ့ စိုထိုင်းဆ (±5%RH) ကို တိတိကျကျ ပြသပေးပါတယ်။
🎙️ Voice Control: Alexa တို့ Google Home တို့နဲ့ ချိတ်ဆက်ပြီး "အိပ်ခန်းထဲ ဘယ်လောက်အပူချိန်ရှိလဲ" ဆိုတာမျိုး အသံနဲ့ မေးမြန်းနိုင်ပါတယ်။
🌙 Backlight & Time Display: အမှောင်ထဲမှာ ကြည့်ရလွယ်အောင် မီးလင်းတဲ့စနစ်ပါဝင်ပြီး Network ချိတ်ထားရင် အချိန် (Time) ကိုပါ တစ်ခါတည်း ပြသပေးပါတယ်။
📈 Data History: အရင်ရက်တွေက အပူချိန် အတက်အကျတွေကို App ထဲမှာ Graph နဲ့ ပြန်ကြည့်နိုင်ပြီး Email ထဲကိုပါ Data ထုတ်ယူလို့ရပါတယ်။
👨👩👧👦 Device Sharing & Group Control: မိသားစုဝင်တွေ အကုန်လုံး အလွယ်တကူ App ထဲကနေ ကြည့်ရှု ထိန်းချုပ်နိုင်သလို၊ Smart Device အများကြီးကို Group ဖွဲ့ပြီး တစ်ချက်တည်း Control လုပ်နိုင်ပါတယ်။
🔍 အသေးစိတ် အချက်အလက်များ (Specifications)
ပစ္စည်း: PC + ABS (ခိုင်ခံ့ပြီး အပူဒဏ်ခံနိုင်)
အပူချိန်တိုင်းတာမှု: -10°C မှ 65°C အထိ
စိုထိုင်းဆတိုင်းတာမှု: 0% မှ 99%RH အထိ
အရွယ်အစား: 4.1 × 7.3 × 2.5 cm (သေးငယ်ကျစ်လျစ်)
App Support: Tuya Smart / Smart Life
📦 ပါဝင်ပစ္စည်းများ
C Smart Sensor x 1
0.5m Type-C Cable x 1
အသုံးပြုပုံလမ်းညွှန်စာအုပ် x 1